မိတ္ထီလာမြို့နယ်သမဝါယမအသင်းစုမှ တောင်သူများထံသို့ မျိုးနှင့်သွင်းအားစုပေးအပ်

မိတ္ထီလာ ဇွန် ၁၆

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့်မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် လိန်တောကျေးရွာ တက်သစ်စစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ မိုးဝါစိုက်သမဝါယမ အသင်းသားတောင်သူများထံသို့ မြို့နယ်သမဝါယမအသင်းစုမှ မျိုးနှင့်သွင်းအားစုပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါလိန်တောကျေးရွာသမဝါယမအသင်းရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးမြင့်လွင်က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စီမံကိန်းမိုးဝါသီးနှံစိုက် အသင်းသားတောင်သူများထံသို့ မျိုးနှင့်သွင်းအားစုများကို လက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးနှင့်တာဝန်ရှိသူများက ပေးအပ်ရာ သမဝါယမအသင်းသားများကိုယ်စား အသင်းသားတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 ချမ်းသာ