အမြို့မြို့အနယ်နယ်သတင်းများ

Dec 19,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများမရှိစေရေးနှင့် ရောဂါဖြစ်ပွားနေမှုများကို ကာကွယ်ထိန်းချုပ်နိုင် ရန်အတွက် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစုရပ်များအလိုက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို တာဝန်ရှိသူများ က ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြရေး အတွက် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုး ဆော်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Dec 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာအသိပညာပေး ဆွေးနွေးပွဲTalk Showကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲTalk Showကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Dec 19,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီး ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံကို ယခုလို ကြားသိခဲ့ရပါသည်။
Dec 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ  ပေါ်ထွန်းလာစေရေး အတွက် ဒီဇင်ဘာ(၁၈)ရက် နေ့လယ်ပိုင်းက အထက(၈)တောရကျောင်းတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား/သူများအားအား ကစားဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး အားကစားနည်းများ သရုပ်ပြသခဲ့သည်။
Dec 19,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေများဖြင့် ကျေးရွာများ လျှပ်စစ် ဓာတ်အား ရရှိရေးအတွက် (၁၁)ကေဗီဓာတ်အားလိုင်း၊ (၄၀၀)ဗို့ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တည်ဆောက်ပြီးစီးခဲ့သည့် မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုရှိ ကျေးရွာ (၁၄)ရွာတွင်(၂၄)နာရီ လျှပ်စစ်ဓာတ်အားရရှိပြီး ကျေးရွာပြည်သူများမှ မြို့ပြနှင့် တန်းတူ လျှပ်စစ်မီးအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
Dec 19,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်ပိုင်းက Fitness Dance သရုပ်ပြခြင်းအား Online မှတဆင့် တင်ဆက်ရန် အတွက်ရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။