တောင်ငူ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်ပိုင်းက Fitness Dance သရုပ်ပြခြင်းအား Online မှတဆင့် တင်ဆက်ရန် အတွက်ရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Fitness Dance သည်ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ကိုယ်လက် လှုပ်ရှားအားကစားနည်းဖြစ်၍ Onlineမှ တင်ဆက်ခြင်းဖြင့် လူကြီးလူငယ်မရွေးလိုက်ပါ ကစားနိုင်သည့် အားကစားလှုပ်ရှားမှုတစ်ခုဖြစ်သည်။
တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေး Talk Show များ၊ ပုံပြင်ပြောခြင်းများ၊ ကဗျာရွတ်ခြင်းများ၊ အရုပ်ခေါက်ခြင်းများ စသည့် အစီအစဉ်များစွာကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ကြည့်ရှုလေ့လာနိုင်ရန် ရိုက်ကူးကာ တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက် ( Facebook Page) တွင်တင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။
ဇော်ထက်( ပြန်/ဆက် )