မိုင်းလုံ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီး ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံကို ယခုလို ကြားသိခဲ့ရပါသည်။
ကျွန်တော်က ဆံသဆရာ ကိုဇော်ရှိန်းအောင် အသက်(၃၂) နှစ်၊ အလယ်ရပ်ကွက်၊ မိုင်းလုံမြို့ မှာနေ ပါတယ်။ မိသားစုကတော့(၄)ယောက်ရှိပါတယ်။ မြို့မှာကိုဗစ်-၁၉ပိုးတွေ့လူနာ များလာပြီးနောက် ကျွန်တော် ဇနီးက ဖျားပြီးတော့ ကိုယ်လက်တွေကိုက်ခဲ၊ အနံပါပျောက်ပြီး ဇနီးကို ကျန်းမာရေး ဌာနကိုသွားပြီး စစ်ကြည့်တော့ ဆရာကမိသားစု အားလုံးကိုစစ်လိုက်ပါဆိုပြီး စစ်ကြည့်တော့ မိသားစု အားလုံးက(positive)ပါ။
ရောဂါစဖြစ်တဲ့အချိန်မှာတော့ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားပါတယ်။ ဆရာပေးတဲ့ ဆေးတွေကို ပုံမှန်သောက်ပြီးတော့ (၅)ရက်နောက်ပိုင်း နှာစေး၊ ချောင်းဆိုး၊ ဖျားတာတွေမရှိတော့ဘူး။ Quarantine Centre မှာ ကျန်းမာရေးဌာနကတာဝန်ရှိသူတွေ ညွှန်ကြားချက်တဲ့အတိုင်း ဆေးပုံမှန်သောက် ပါတယ်။ ကိုယ်ခံအား ကောင်းလာအောင် အဟာရပြည့်မဲ့ အစားအသောက်တွေကိုပုံမှန်စားပါတယ်။ ဆရာက ရေချိုးဆင်ခြင်ခိုင်းပြီး အအေးမိမခံရအောင် ဂရုစိုက်နေထိုင်သောကြောင့်Quarantine Centre မှာ (၁၄)ရက်နေပြီး အိမ်ကိုပြန်လာ နိုင်ခဲ့ပါတယ်။ အိမ်မှာ (၇)ရက်နေပြီးနောက်ပိုင်း အရင်လိုပြန် ကျန်းမာလာ ပါတယ်။
ကျွန်တော်အနေနဲ့အကြံပြုချင်တာက အခုဆိုရင်နောက်ထပ် ဗီဇပြောင်းရောဂါပိုးကို အခြားနိုင်ငံတွေမှာ တွေ့ရှိ နေပြီဖြစ်သောကြောင့် ကိုဗစ်ရောဂါကို မပေါ့ဆပါနဲ့၊ မြန်မြန်သိပြီး မြန်မြန်ကုသမှ နှာစေး၊ ချောင်း ဆိုး လောက်ပဲဖြစ်ပြီး ပုံမှန်အတိုင်းသွားလာ လှုပ်ရှားလို့ရမှာပါ။ ရောဂါဖြစ်နေချိန်မှာ ကိုယ်ခံအား ကောင်းအောင် နေထိုင်ပါ၊ စိတ်ဓာတ်လုံးဝမကျပါနဲ့၊ ရောဂါသက်သာပျောက်ကင်းပြီး Home Quarantine နေတဲ့အချိန်မှာလည်း အဟာရပြည့်ဝအောင်စားပါ၊ ရေချိုးဆင်ခြင်ပါ၊ အပင်ပန်းခံတာတွေရှောင်ကြဉ်ပါလို့ အကြုံပြု ပြောကြားခဲ့ ပါတယ်။
ဇော်ဇော်