သီပေါ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာအသိပညာပေး ဆွေးနွေးပွဲTalk Showကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက အသိ ပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စန်းက တိုင်းရင်းဆေးပညာနှင့် ပတ်သက်ပြီး ရာသီအကူးအပြောင်းတွင် အသက်အရွယ်မရွေး ဖြစ်တတ်သည့် တုတ်ကွေးအဖျား အမျိုးမျိုး၊ ရာသီကူးပြောင်းအဖျား၊ အအေးမိဖျား၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းအုံခေါင်းကိုက်ခြင်း စသည့် ရောဂါများအား ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ သောက်သုံးရမည့် တိုင်းရင်းဆေး ဝါးများ အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်သူ များအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနေပါကြောင်း၊ တိုင်းရင်းဆေး ဝါးအကြောင်းကို သိရှိလိုပါက ရုံးသို့ဆက်သွယ် မေးမြန်းနိုင်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ် ထားသော Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)