မြိတ်မြို့တွင် ကျောင်းသား/သူများအား ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် အားကစားဆိုင်ရာ အသိပညာပေးဟောပြော သရုပ်ပြ

မြိတ်  ဒီဇင်ဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ  ပေါ်ထွန်းလာစေရေး အတွက် ဒီဇင်ဘာ(၁၈)ရက် နေ့လယ်ပိုင်းက အထက(၈)တောရကျောင်းတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား/သူများအားအား ကစားဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး အားကစားနည်းများ သရုပ်ပြသခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် အထက(၈)တောရကျောင်း ကျောင်းအုပ်ဆရာကြီး ဦးထင်အောင်စိုးက အမှာစကားပြောကြားပြီး မြို့နယ်အားကစားမှူး ဦးထွန်းရှိန်က ကျောင်းသား/သူ လူငယ်များအား ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် အားကစားများပြုလုပ်ကြရန်နှင့် အားကစားဆိုင်ရာအကြောင်း အသိပညာပေး ပြောကြား သည်။

ထို့နောက် နည်းစနစ်မှူး ဒေါ်နှင်းအိဆွေက အားကစားပြုရလုပ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပြေး၊ ခုန်၊ ပစ် နည်းပြဆရာမ ဒေါ်သန်းသန်းက ပြေး၊ ခုန်၊ ပစ် အားကစားနည်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အားကစားမှူး က အားကစားပစ္စည်းများကို ကျောင်းအတွက် လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူ၍ ကျောင်းသား/သူများအား အေရိုးဗစ်အားကစား ၊ Fitness Danceနှင့် လက်ဝှေ့ အားကစားနည်းကို တာဝန်ရှိသူများက သရုပ်ပြရှင်းလင်းကစားပြခဲ့ကြရာ ကျောင်းသား/သူများက  စိတ်ဝင်တစား ကြည့်ရှုခဲ့ကြ၍ ပါဝင်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက် )