အမြို့မြို့အနယ်နယ်သတင်းများ

Dec 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသက် အရွယ်မရွေး စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာ​ခြင်း​ဖြင့် ဗဟုသုတအတွေးအမြင်များ ရရှိပြီး ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များရရှိလာစေရေးနှင့် စာအုပ် စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Dec 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့က ဦးဆောင်၍ ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှု့သည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ကျော်ဇောနိုင် ရေးသားသည့် ''ဆရာဟူ''သည် စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 19,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများအား ယနေ့ နံနက်ပိုင်းမှစတင်၍ ပြသထားရှိရာ ပြည်သူများလာ​ရောက် ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
Dec 19,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူ ခရိုင် ဦးစီးမှူး ဦးထိန်လင်းသိန်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့် ဝန်ထမ်း များနှင့်အတူ ဒီဇင်ဘာလ ၁၈ရက် မွန်းလွဲပိုင်းက နည်းပညာတက္ကသိုလ်(ပခုက္ကူ)၌ ရေချိုပိုက် လိုင်းသွယ် တန်းခြင်းလုပ်ငန်းအိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားတက်ရောက်ပြီး ကျောင်းဝန်းအတွင်း တည် ဆောက်ရေး လုပ်ငန်း များလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Dec 19,2021
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် (Women Club) တို့ပူးကာ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ရုံးရှေ့ မြေ စိုက်နံရံကပ်ပြဘုတ်တွင်ပြည်သူများသိရှိစေရန် အသိပညာပေး နံရံကပ် စာစောင်များ လစဉ် အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနနက် (၉)နာရီအချိန်က ဖျာပုံခရိုင်ရုံး၊ ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံများပြသ ဆောင်ရွက်ခဲ့သည်။
Dec 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။