ထန်းတပင်(ရန်ကုန်)၊ ဒီဇင်ဘာ ၁၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများမရှိစေရေးနှင့် ရောဂါဖြစ်ပွားနေမှုများကို ကာကွယ်ထိန်းချုပ်နိုင် ရန်အတွက် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစုရပ်များအလိုက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို တာဝန်ရှိသူများ က ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြရေး အတွက် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေးနှိုး ဆော်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိနေသူများအား မြို့နယ်အတွင်းသက်ဆိုင်ရာစုရပ်များ အလိုက် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်၍ ကာကွယ်ဆေးလာရောက်ထိုးနှံကြရေးအတွက် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်းလည်းသိရသည်။
အသိပညာပေးနှိုးဆော်ဆောင်ရွက်မှုများကိုလည်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ အသိပေးနှိုးဆော်မှုများကိုဆောင်ရွက်ခဲ့ခြင်း ဖြစ် ပြီး မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်းများတလျှောက်ကာကွယ်ဆေးထိုးနှံကြရေး အသိပညာ ပေးနှိုးဆော် ဆောင်ရွက် ခဲ့ကြကြောင်းလည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)