နောင်ချို ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများအား ယမန်နေ့မှစတင်၍ ပြသထားရှိရာ ပြည်သူများကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်(၉)ရပ်နှင့် ရှေးလုပ်ငန်းစဉ်(၅)ရပ် ချမှတ်၍ အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူများ၊ စာပေလေ့လာဖတ်ရှုသူ ၊ ငှားရမ်းသူ ပရိသတ်များ ၊ အလွယ်တကူလေ့လာနိုင်ပြီး အကျယ်တဝင့် သိရှိစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတွက် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ ဦးတည်ချက် (၉) ရပ်တွင်ပါဝင် သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာကို ရုံးတွင်းနံရံကပ်ပြဘုတ်များ၌ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထွေးငယ်