သံဖြူဇရပ် ဒီဇင်ဘာ ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြို ကျောင်းရင်သွေးငယ်များ အားကာယစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က စက်သစ်ရပ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲတွင် ရိုးရိုး(ကျား/မ)အပြေးပြိုင်ပွဲ၊ အာလူးကောက်(ကျား/မ)ပြိုင်ပွဲ၊ အရောင်ရွှေးခြယ်(ကျား/မ)ပြိုင်ပွဲ၊ ဦးထုတ်ဆောင်း(ကျား/မ)ပြိုင်ပွဲ၊ ခေါင်းအုံးရွက် (ကျား/မ) ပြိုင်ပွဲ၊ ရေပုလင်းဖြည့် (ကျား/မ)ပြိုင်ပွဲ၊ ကြိုးသီ(ကျား/မ)စသည့် ပြိုင်ပွဲ(၇)မျိုးကို ပြိုင်ပွဲဝင်ရင် သွေးငယ်(၁၂၀)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရ ရင်သွေးငယ်များအား မြို့နယ်မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မိုးစည်သူ(သံဖြူဇရပ်)