မက်မန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မက်မန်း ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား လူငယ်များ ကာယ၊ ဉာဏစွမ်းရည် တိုးတက်စေရန် ရည်ရွယ်၍ လွတ်လပ်ရေး၏ အနှစ်သာရနှင့်အဓိပ္ပာယ်များကို သိရှိနိုင်ရေး၊ လွတ်လပ်ရေးကို အစဉ်တန်းဖိုးထားတတ်စေရန်ရည်ရွယ်၍ မက်မန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ကြို ဟောပြောပွဲ၊ နံရံကပ်စောင်ပြပွဲနှင့်ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားအတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ကျောင်းသားလူငယ်များအနေဖြင့် လွတ်လပ်ရေးကို ချစ်မြတ်နိုးတတ်စေရန်အတွက် လွတ်လပ်ရေးနေ့အကြို ကာယဉာဏပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မက်မန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲနှင့် ခြေနင်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများကို မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်အေးဝင်ခိုင်(ဦးစီးအရာရှိ)တို့က ဆုများပေးအပ်ချီးမြှင့် ပေးအပ်ခဲ့သည်။ ကာယဉာဏစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၈၀)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)