လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်နှင့်စာပေအကြောင်း အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်

လှည်းကူး  ဒီဇင်ဘာ ၂၁

န်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် လူငယ်လူရွယ်များအနေဖြင့် စာပေကြောင်း အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ လူငယ်နှင့်စာပေအသိပညာပေး (TalkShow)ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က  ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့်(TalkShow)ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာရေးဆရာ၊ အယ်ဒီတာ ဦးသူရဇော်(ညတတ္ထစရိယာ)ကလူငယ်များအနေဖြင့် စာပေကို လေ့လာဖတ်ရှုသင့်ကြောင်း၊ သုတစာပေသာမက ရသစာပေပါဖတ်ရှုမှသာ အဆင်ပြေမှာ ဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)