တောင်သာ ဒီဇင်ဘာ ၂၁
တောင်သာမြို့နယ် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၃)အခြေခံမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ ကျောင်းသား/ကျောင်းသူများ ကျောင်းစာကိုကြိုးစားသင်ယူကြရန်လိုကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်အတွက်လည်း အားလပ်ချိန်၌ ပြင်ပဗဟုသုတဖြစ်ဖွယ်ရာ စာအုပ်များကိုလည်း လေ့လာကြစေလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများသည် လူငယ် လူရွယ်များပီပီတက်ကြွစွာဖြင့် ကောင်းသောအတွေး၊ကောင်းသောအပြုအမူများဖြင့် မိမိတို့အနာဂတ် သာယာလှပစေရေးအတွက် ကျောင်းစာကို အထူးကြိုးစားသင်ယူကြရမှာဖြစ်ပါကြောင်း ပြောကြားပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဝဏ္ဏထွန်းမှ အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်းဟောပြောခြင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်နီလာစိုးက သဘာဝဘေးအန္တရာယ်အကြောင်းအရာများအား အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်နှင့်ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဝဏ္ဏထွန်းနှင့်ဝန်ထမ်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်နီလာစိုးနှင့် ဝန်ထမ်းများ အမှတ်(၃)အခြေခံမူလတန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)