မိုင်းနောင် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် ပြင်ပဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာငှားစနစ်ဖြင့် စာအုပ်၊ စာစောင်များသွားရောက်ငှားရမ်းခြင်းများကို ယမန်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့သွားရောက် ဆောင်ရွက်ရာတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်အလိုက် ကျောင်းသား၊ ကျောင်းသူများကြိုက်နှစ်သက်သည့် စာအုပ်၊ စာစောင်များ၊ လူငယ်အသိပညာပေးများ၊ စိတ်ဓာတ်ခွန်အားဖြစ်စေသောစာပေများ၊ ဗဟုသုတဖြစ်စေသောစာအုပ်၊ စာစောင်များကိုဖတ်ရှုစေခြင်းဖြင့် စာဖတ်ရှိန်များမြှင့်မားလာစေရန်၊ ပြင်ပဗဟုသုတများတိုးပွားလာစေရန်၊ စာပေချစ်မြတ်နိုးသူများဖြစ်လာစေရန်နှင့် စာဖတ်စွမ်းရည်များတိုးတက်လာစေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရေး၊ စာဖတ်သည့်အလေ့အကျင့်များမှ စာပေချစ်သူများဖြစ်လာစေရေး၊ ပညာတတ်သားကောင်းရတနာများဖြစ်လာစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မိုးသောက်(မိုင်းနောင်)