မိုင်းရှူး ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက စာဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများတိုးပွါးလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက ဇာတ်လမ်း-မနှင်းဖွေးနှင့် သရုပ်ဖော်-ထွန်းထွန်းဝင်း၏ တန်ဖိုးကိုယ်စီစာအုပ်ဖြင့်လည်းကောင်း၊ မောင်ထက်ဝေယံက ဇာတ်လမ်းနှင့်သရုပ်ဖော် ထွန်းထွန်းဝင်း၏ သစ်ပင်လေးစိုက်ကြမယ်စာအုပ်ဖြင့် လည်းကောင်း၊ မဝင့်ဝါခိုင်က ဇာတ်လမ်း-ကျော်မြင့်၊ သရုပ်ဖော်-ဝင်းဖေ(အဖျောက်)၏ ပလတ်စတစ်အိတ်ကလေး၏ ခရီးစဉ်စာအုပ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့က အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)