တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအတွက် တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်လှစ်ပို့ချနေမှုအား ကြည့်ရှုအားပေး

မြိတ်   ဒီဇင်ဘာ  ၂၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ တိုင်း​ဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းကို မြိတ်တက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားပို့ချနေမှုအားသွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

မြိတ်ခရိုင်အတွင်း လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို စနစ်တကျအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက်တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းကို မြိတ်တက္ကသိုလ် ပုလဲသစ္စာ ခန်းမတွင် နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့ပြီး ခရိုင်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ဦးထွန်းဇော်ဦးက သင်တန်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား၍ သင်တန်းစတင်ခဲ့ရာ သင်တန်းနည်းပြများက သင်ခန်းစာများပို့ချပေးနေမှုအား  တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများကသွားရောက်ကြည့်ရှု အားပေး ခဲ့ကြသည်။

သင်တန်း၌ လူဦးရေစာရင်းကောက်ယူရေးစီမံချက်၊ သင်တန်းဆိုင်ရာဖွဲ့စည်းပုံနှင့် တာဝန်များ၊ ရပ်ကွက်/ကျေးရွာအလိုက် မြေပြင်တစ်အိမ်တက်/ဆင်း ကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ စာရင်းကောက်လက်စွဲ စာစောင်နှင့် စာရင်းကောက်ကျင့်ဝတ်များ၊ အိမ်ထောင်စု ပုံစံအလွတ်ရေးသွင်းခြင်း၊ ရေးသွင်းကောက်ယူရမည့်သူများကို ပုံစံများဖြန့်ဝေခြင်း၊ နေ့စဉ်စာရင်းပြုစုခြင်း၊ စာရင်းကောက်ပြီးချိန် စာရင်းချုပ်ပြုစုခြင်းနှင့် ပုံစံများပြန်လည် အပ်နှံရမည့်ကိစ္စများ၊ မသန်စွမ်း (၅)မျိုးစာရင်းကောက်ယူခြင်း စသည့်ဘာသာရပ်များကို စာတွေ့လက် တွေ့သင်ကြားပေးသွား မည်ဖြစ်ပြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား/သူ(၅၅)ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

လူဦးရေစာရင်းများကို မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီ (၉)ရက်မှ (၃၁)ရက်ထိ (၂၃)ရက်တာကာလအတွင်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပြီးစီးအောင်ကောက်ယူပြီး (၂၀၂၃)ခုနှစ်ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြိတ်ခရိုင်အနေဖြင့် အိမ်ထောင်စု လူဦးရေ စာရင်း (၈၇၂၃၇၉)ဦးရှိပြီး မြေပြင်မှာရှိတဲ့ အိမ်ထောင်စုလူဦးရေစာရင်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်အောင် ကော်မတီအဆင့်ဆင့်ဖွဲ့စည်း၍ စနစ်တကျဆောင် ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သိရသည်။

ခရိုင် ပြန်/ဆက်