မိုင်းတုံမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းတုံ  ဒီဇင်ဘာ  ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းတုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးရှိ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကိုယနေ့ နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။

 ပထမဦးစွာ မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး  ဦးငြိမ်းထွန်း‌ ကျော်ကလာမဲ့ ဇန်နဝါရီလ (၄) ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျရောက်တော့မည်ဖြစ်သည့်အတွက် အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေး၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ ဌာနဆိုင်ရာတွေ နဲ့ အားကာမှူး ပူးပေါင်းပြီး ဇန်နဝါရီ (၂)ရက်နေ့ မှာ ပိုက်ကျော်ခြင်းပြိုင်ပွဲကိုကြိုတင်လုပ်ထားပြီး ကျန့်တဲ့ကစားနည်း(၁၂)မျိုးကို(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားပြီးတာနဲ့ ပြိုင်ပွဲများ ကျင်းပနိုင်ရေးတို့ကို စီစဉ်ထားရှိရန်နှင့် ပြိုင်ပွဲတွင်ဆုရရှိသူများကို ကွင်းအတွင်း၌ပေးနိုင်ရေးတို့ကို ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်း စီစဉ်ဆောင်ရွက်ထားရန်အစရှိသည်တို့ကို အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလွင်မိုးက (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကိုလည်း‌ကောင်း၊ အားကာ(တာဝန်ခံ) ဦးကျော်ဇင်လတ်က ပြိုင်ပွဲအစီစဉ်များကို အကျယ်တစ်ဝန်းရှင်းလင်း ဆွေးနွေးပြီးနောက် တက် ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)