မင်းလှမြို့တွင်  ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲ ပြုလုပ်

မင်းလှ ဒီဇင်ဘာ ၂၃      

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနံနက် ၉ နာရီချိန်က  အ.ထ.က မင်းလှ(မြို့ပြင်) ကျောင်း အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်သန်းဌေးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးလုပ်ငန်းဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အချိန်ပို သင်ကြားရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကို တတ်‌ရောက်လာသည့် အခြေခံ ပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ဘာသာရပ်အလိုက် သင်ကြားရေး ဆရာ၊ဆရာမများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် အတွင်းဖြေ (၉၈)ဦး၊ အပြင်ဖြေ (၂၉၀) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၃၈၈) ဦး လျောက်လွှာတင်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါက်စ(မင်းလှ)