ပန်းတောင်းမြို့နယ်တွင်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာ၊ စာစီစာကုံးနှင့်ဥာဏ်စမ်းပဟေဠိ ဖြေဆိုပြိုင်ပွဲကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာ၊စာစီစာကုံးနှင့် ဥာဏ်စမ်းပဟေဠိဖြေဆို ပြိုင်ပွဲကို ဝန်လိုရပ်ကွက် မြို့မစာကြည့်တိုက်၌ ယမန်နေ့နံက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲများတွင်ပန်းတောင်းမြို့နယ်စာရေးဆရာအသင်းနှင့် မြို့မစာကြည့်တိုက် ကြီးကြပ်မှုကော်မတီတို့ ကြီးမှူးကျင်းပသော စာပေပြိုင်ပွဲဖြစ်သည့်ကဗျာ၊ စာစီစာကုံးနှင့် ဉာဏ်စမ်းပဟေဠိ‌ဖြေဆိုပြိုင်ပွဲသို့ ပန်းတောင်းမြို့နယ်အတွင်းရှိ အထက၊အလကနှင့် မူလတန်းလွန်ကျောင်းများမှ ကျောင်းသားကျောင်းသူ စုစုပေါင်း(၆၉)ဦး လာရောက်ဖြေဆိုပြိုင်ပွဲဝင်ခဲ့ကြောင်းသိရသည်။

ထို့နောက် လာရောက်ဖြေဆိုခဲ့ကြသော ကျောင်းသား/သူလေးများအား ​မြို့နယ် စာရေးဆရာအသင်းမှအမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)