မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်း ထွန်း (၈၅)ကြိမ်မြောက် ကရင် အမျိုးသားနှစ်သစ်ကူး​နေ့ အခမ်းအနား တက်ရောက်

​မော်လမြိုင်    ဒီဇင်ဘာ  ၂၃

(၈၅)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူး​နေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ​ရွှေမြိုင်သီရိရပ်ကွက်၊ ​မြောင်ဘက်ကွင်း​ကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကရင်စာ​ပေနှင့်ယဉ်​ကျေးမှု​ကော်မတီ ဝင်များ၊ ဖိတ်ကြားထားသူများ တက်​ရောက်ခဲ့သည်။

ရှေးဦးစွာ သဘာပတိဆရာ​တော်ကြီးမှ ဩဝါဒ အမှာစကား မြွက်ကြား​​၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း တိုင်းရင်းသားဒေသများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘာသာ စကား၊ စာပေယဉ်ကျေးမှုများ တိုးတက်မြင့်မားရေးတို့အတွက်အစဉ်တစိုက် အထူးအ​လေး​ပေး​ ဆောင်ရွက်လျက်ရှိ​ကြောင်း၊ တိုင်းရင်းသားအ​ပေါင်း တို့၏ ဓ​လေ့ထုံးတမ်း အစဉ်အလာများကို အစဉ်​လေးစားလိုက်နာမှုနှင့်အညီ ရိုးရာဓလေ့ပွဲတော်များကိုလည်း အစဉ်အလာမပျက် ကျင်းပနိုင်ရေးအတွက်အ​ဖက်ဖက်မှ ကူညီ​ထောက်ပံ့​​ပေးလျက်ရှိ​ကြောင်း၊ တိုင်းရင်း သားများ အချင်းချင်း ကြား ကရင်လူမျိုးတို့၏ ရိုးသားမှု၊ သစ္စာရှိမှုများက “အခရာ” ကျသဖြင့် မျိုးဆက်သစ် ကရင် တိုင်းရင်းသားများမှ ဆက်လက်ထိန်းသိမ်းကြဖို့လည်းလိုအပ်​ကြောင်း၊ ကရင်အမျိုးသားနှစ်သစ်ကူးမင်္ဂလာအခါသမယမှသည် မိမိတို့ပြည်နယ်၏အကျိုးပြည်ထောင်စု၏အကျိုးတို့ကို အခြားသောတိုင်းရင်းသားတို့နဲ့အတူ ဝိုင်းဝန်းသယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါ​ကြောင်းဖြင့် နှစ်သစ်ကူး အမှာစကား​ပြောကြားခဲ့သည်။

ထို့​နောက်တိုင်းရင်းသားလူမျိုး​ရေးရာ ဝန်ကြီးဌာန၊ ပြည်​ထောင်စုဝန်ကြီးမှ ​ပေးပို့သည့် ကရင်အမျိုးသားနှစ်သစ်ကူး​နေ့ သဝဏ်လွှာအား ပြည်နယ်တိုင်းရင်း သားလူမျိုး​ရေးရာဝန်ကြီးမှ ဖတ် ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲ​တော် ကျင်းပနိုင်​ရေးအတွက် ​ထောက်ပံ့​ငွေများ​ ပေးအပ်ခဲ့ကာ ကရင်တိုင်းသားရိုးရာ အကအလှများဖြင့် ​ဖျော်​ဖြေတင်ဆက် မှုအ​ပေါ် ကြည့်ရှုအား​ပေး၍ ဂုဏ်ပြုဆု​ငွေများ ​ပေးအပ်ချီးမြှင့်​ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်