မြို့သစ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

မြို့သစ်  ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေး(၁/၂၀၂၂)ကို ဒီဇင်ဘာ၂၁ရက် နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ မြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးကျော်ဝင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဉီးစီးအရာရှိ ဒေါ်ယဉ်မိုးက ကလေးသူငယ်များနှင့်ပတ်သက်သည့် ရရှိခံစားရမည့် အခွင့်အရေး(၄)ရပ်၊ ကလေးသူငယ်များနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းဉီးစီးဌာနမှ ဆောင်ရွက်ပေးသည့်လုပ်ငန်းစဉ်(၇)ရပ်၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နည်းဥပဒေများနှင့် မြို့သစ်မြို့နယ်အတွင်း လက်ရှိဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များမှ ကလေးသူငယ်များနှင့်ပတ်သက်ပြီး ရရှိမည့်အခွင့်အရေးများနှင့်၎င်းတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)