မင်းလှ ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အ.ထ.က မင်းလှ (မြို့တွင်း)ကျောင်း၌ဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကကြည့်ရှု့အားပေး၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သင်တန်းပို့ချနေခြင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းပိုင်တို့က ကြည့်ရှုခဲ့ပြီး သင်တန်းနည်းပြများနှင့် ကျောင်းသားကျောင်းသူများကို အားပေးစကားများပြောကြား၍ ထောက်ပံ့ငွေများနှင့် အချိုရည်ဗူးများပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းကို ကျောင်းသားကျောင်းသူ (၅၀)ဦးတတ်ရောက်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့ထိ နံနက်၉ နာရီမှ ညနေ ၄ နာရီချိန်ထိစာတွေ့ လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ(ပြန်/ ဆက်)