မြဝတီ ဒီဇင်ဘာ ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ဗိုလ်ချုပ်လမ်းမကြီးတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မြို့သန့်ရှင်းသာ ယာလှပရေးအတွက် သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး ဦးဆောင်သော ဝန်ထမ်းများ၊ မြဝတီခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဖြိုးမင်းဇော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးမိုးဟိန်းထက်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလှိုင်ဝင်း ဦးဆောင်သောဝန်ထမ်းများက ဗိုလ်ချုပ်လမ်းမကြီးရှိ လမ်းဘေးဝဲယာမှ သစ်ပင်များမှ လမ်းမပေါ် ရောက်ရှိနေသည့် သစ်ကိုင်းများ၊ လျှပ်စစ်ဓါတ်အား ကြိုးများနှင့်ထိမိနေသည့် သစ်ကိုင်းများအား ခုတ်ထွင် ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ကြ ခြင်းဖြစ်သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှုများအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦးနှင့်တာဝန်ရှိသူများက လာရောက် ပြီး လုပ်ငန်းများ ကြီးကြပ် ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)