ဝေါ ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြောင်း သိကောင်း စရာ Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစိုးမိုးအောင်က Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့နှင့် ပတ်သက်၍ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးတင်သိန်းဦးက လွတ်ရေးနေ့ ဖြစ်ပေါ် လာရခြင်း သမိုင်းအကြောင်းကိုရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး အွန်လိုင်းဝန်ဆောင်မှု Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာ အလိုက် လစဉ်ရိုက်ကူးတင်ဆက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Waw Page များတွင် ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)