ပိုင်ကျုံ ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယနေ့မွန်းလွဲ ၁ နာရီက ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်အိသဲချိုက (Talk Show) ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းများ၊ ၁၉၄၈ ခုနှစ်တွင် ချမှတ်ခဲသည့် သစ္စာဓိဌာန် (၉)ချက်နှင့် အများပြည်သူများ သိသင့်သိထိုက်သည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရားများကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် Online မှတဆင့် အသိပညာပေးလုပ်ငန်းများဖြစ်သည့် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် စာကြည့်တိုက်ဆိုင်လှုပ်ရှားမှုကို နေ့စဉ်တင်ဆက် ထုတ်လွှင့်ပေးလျက်ရှိပြီး (Talk Show) ဆွေးနွေးပွဲများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
နော်ခူး (ပြန်/ဆက်)