မိုးကုတ် ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း အသိပညာပေး(Talk Show)ဆွေးနွေးပြုလုပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနရှိ (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို မြို့နယ်ဦးစီးအရာရှိ၊ ဒေါ်ကြည်ကြည်နွဲ့က ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်နိုင်ငံသည် ဗြိတိသျှတို့၏ ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲခြင်းကိုခံရပြီး ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် သူ့ကျွန်ဘ၀ကျရောက်ခဲ့ကြောင်း၊ လွတ်လပ်ရေးနေ့သမိုင်းကို စတင်ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး၊ ဒေါ်နန်းခွာညိုနှင်းက လွတ်လပ်ရေးကြိုးပမ်းမှု အကြောင်းအား လွတ်လပ်ရေးသည် ပထမ၊လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဟူ၍ မျိုးချစ်စိတ်ပြင်းထန်စွာဖြင့် တိုင်းရင်းသားများ၊ အသင်းအဖွဲ့များဖြင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြကြောင်း၊ အဂ်လိပ်အထွက် ဂျပန်အ၀င် ၁၉၄၅ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးဆင်နွှဲခဲ့ကြကြောင်း၊ အင်္ဂလိပ်တို့ ဒုတိယအကြိမ် ပြန်၀င်လာပြီးနောက် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် တိုင်းရင်းသားစည်းလုံးမှုအဖြစ် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း ၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အစိုးရအဖွဲ့၀င် ၀န်ကြီးအချို့သည် လွတ်လပ်ရေးလမ်းခုလပ်တွင် နယ်ချဲ့လက်ပါးစေတစ်စု၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသလို ဦးနုနှင့်အဂ်လိပ်အတွင်း၀န် မစ္စတာအက်တလီတို့ချုပ်ဆိုသော နု-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း၊ မြန်မာလူမျိူးတို့၏ လက်မှလုယူခံခဲ့ရသော အချုပ်အခြာအာဏာနှင့်လွတ်လပ်ရေးကြီးသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ပြန်လည်ရရှိခဲ့ကြောင်း၊ ထိုအချိန်မှစ၍ မြန်မာတစ်မျိုးသားလုံး၏ သွေး၊ ချွေးများအကျခံပြီး တိုက်ခိုက်ရယူခဲ့သော မြန်မာ့အချုပ်အခြာအာဏာ လွတ်လပ်ရေးကြီးကို အသက်ပမာ တန်ဖိုးထားပြီး လွတ်လပ်ရေးကြီး မပျောက်ပျက်၊ မဆုံးရှုံးစေဘဲ ထာ၀စဉ်တည်တံ့စေရန် ဆက်လက်ထိန်းသိမ်း သွားရမည်ဖြစ်ကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နန်းခွာညိုနှင်း( ပြန်/ဆက်)