သိန္နီ ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်မှ IVLS ဆော့ဝဲဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ပြန်လည်ပေးပို့လာသော မှတ်ပုံတင် (၂၊ ၃၊ ၄၊ ၅) ကြိမ် ထပ်နေသူများစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ eID စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသက်နိုင်ထွန်းတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက် ရှိသည်။ သိန္နီမြို့နယ်အတွင်း၌ မှတ်ပုံတင် (၂) ကြိမ်ထပ် လူဦးရေ (၄၄၅၀) ဦးရှိပြီး လက်ရှိ အခြေအနေအရ မြို့ပေါ်ရှိ ရပ်ကွက် (၄) ရပ်ကွက်မှ မှတ်ပုံတင်အကြိမ်ရေ ထပ်နေသူများစာရင်းအား တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)