အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ဝါသီးနှံအထွက်နှုန်း ခန့်မှန်းတိုင်းတာခြင်းနည်းစနစ် လက်တွေ့သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဝါသီးနှံမျိုးသန့်ခြံအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Dec 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက လူဦးရေစာရင်းမှန်ကန်ရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးသင်တန်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
Dec 27,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်(Work Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီမြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
Dec 27,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့တွင် မှန်ကန်သော လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် (Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်မည့် စာရင်းကောက်အဖွဲ့ဝင်များအား သင်တန်းပို့ချပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Dec 27,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးမှ လူဦးရေစာရင်းမှန်ကန်ရေး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနိုင်ရေး သင်တန်းပို့ချခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပသည်။
Dec 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်း ကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Dec 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း ကောက်ယူရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက လှည်းကူးအခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 27,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေသည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းနှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အထက-တနင်္သာရီ ကျောင်းသား/သူများထံ အခမဲ့ဖြန့်ဝေပေးကြသည်။