အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း စာရင်းကောက်သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
Dec 27,2022
အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိနိုင်ရေးအတွက် မွန်ပြည်နယ် မုဒုံမြို့နယ်၌ မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှဖွင့်လှစ်သော မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။
Dec 27,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ (အကြို) စာစီစာကုံးပြိုင်ပွဲ၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
Dec 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်း လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုနည်းပြသင်တန်းဖွင့်ပွဲကို ယနေ့၊ နံနက်(၉)နာရီအချိန်က  မြိုနယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး၊ ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 27,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ Working Group အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းကောက်သင်တန်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉)နာရီ အချိန်က ကျင်းပသည်။
Dec 27,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 27,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ မြင်းပျံတံဆိပ်ဓါတ်မြေဩဇာ အိတ်များရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့ပေါ်ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Dec 27,2022
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးသင်ခန်းစာပို့ချခြင်း ဖွင့်ပွဲအခမ်းအနားက ယနေ့နံနက် ၉နာရီ ၃၀မိနစ်အချိန်က ပညာရေးကောလိပ်ရှိ ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။