ကဝမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက် သင်တန်းဖွင့်လှစ်

ကဝ ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက လူဦးရေစာရင်းမှန်ကန်ရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးသင်တန်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းလင်းအောင်က လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ထားမှုအားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက် ၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး ဦးဝင်းဆန်းက မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ကဝမြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း၊ မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်ဦးစီးကော်မတီ၊ မြို့နယ် ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်ကျေးရွာအုပ်စုကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရပ်ကွက်ကျေးရွာအုပ်စု စာရင်းကောက်အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့သင်တန်းသား (၁၅၀)ဦးတက်ရောက်ခဲ့ပြီး၊ အိမ်ထောင်စုလူဦးရေစာရင်း၊​ မြေပြင်စာရင်းကောက်ယူရေးမြို့နယ်အဆင့် စာရင်းကောက်များ၊ လက်စွဲစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)