မိုးမိတ်မြို့တွင် မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း ဖွင့်လှစ်

 မိုးမိတ်  ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်း ကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး  အနိုင်ရသည့် ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားနိုင်ရန်အတွက် အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်ရေးဟာ အလွန်အရေးကြီးသည့်အခန်း ကဏ္ဍဖြစ်သောကြောင့် လာမယ့်ရွေးကောက်ပွဲမှာ မှန်ကန်တဲ့စာရင်းရရှိဖို့ မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးပြီး ရရှိလာတဲ့ စာရင်းကိုအခြေခံပြီး ဆောင်ရွက်သွားမှာဖြစ်ခြင်းကြောင့် အရေးကြီးပါသဖြင့် သင်တန်းပို့ချချက်များကို စနစ်တကျလေ့လာမှတ်သားစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ခိုင်ကမြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်း ကောက်သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဖြစ်သူ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးက(Working Group)  မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးစီမံချက်သင်တန်းဆိုင်ရာများဖွဲ့စည်းပုံနှင့်တာဝန်များ၊ မြေပြင်ကွင်းဆင်းကေက်ယူရေး လက်စွဲစာစောင်များရှင်းလင်းခြင်း၊ အထစပုံစံအထလွတ်ရေးသွင်းခြင်း၊ ရေးသွင်းကောက်ယူရမည့်သူများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ မသန်စွမ်း(၅)မျိုးကောက်ယူမှုနှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ နေ့စဉ်စာရင်းပြုစုခြင်း၊ စာရင်းကောက်ပြီးချိန်တွင် စာရင်းပြုစုခြင်းနှင့်ပုံစံများ ပြန်လည်အပ်နှံရမည့် ကိစ္စများနှင့်ပတ်သက်၍ ရှင်လင်းခြင်းမြို့နယ်အဆင့် (Working Group) ကော်မတီမှ အုပ်ချုပ်မှုနှင့် လုံခြုံရေးကိစ္စများမှာကြားခြင်း အစရှိသည့် အကြောင်းအရာများကို ရှင်းလင်းပို့ချပေးခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို စုစုပေါင်းသင်တန်းသား/သူ (၁၀၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ တစ်ရက်ဖြစ်ကြောင်းသိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)