တံတားဦမြို့နယ်(Work Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲ ကျင်းပ

တံတားဦး ဒီဇင်ဘာ ၂၇

တံတားဦးခရိုင် တံတားဦးမြို့နယ်(Work Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီမြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

သင်တန်းဖွင့်အခမ်းအနားတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက မြို့နယ်(Work Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း၊ စာရင်းကောက်ကျင့်ဝတ်များအား ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးစီးမှူး ဦးတင်စိုးက အိမ်ထောင်စုပုံစံအလွတ်ရေးသွင်းခြင်း၊ ရေးသွင်းကောက်ယူရမည့်သူများနှင့် ပတ်သတ်သည့်လုပ်ငန်းများ၊ ပုံစံများဖြန့်ဝေခြင်း၊ နေ့စဉ်စာရင်းပြုစုခြင်းလုပ်ငန်းများ၊ စာရင်းကောက်ယူပြီးချိန်တွင် စာရင်းချုပ်ပြုစုခြင်းလုပ်ငန်းများနှင့် ပုံစံများပြန်လည်အပ်နှံရမည့်လုပ်ငန်းများ၊ မသန်စွမ်း(၅)မျိုးကောက်ယူမှုနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတက်ရောက်ကြပြီး သင်တန်းကာလကို(၂)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)