အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လူဦးရေစာရင်းမှန်ကန်ရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းကို ယမန်နေ့က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 27,2022
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့တွင် ရာသီစာ ပေါင်းတင်း(ခေါက်လမ်)များကို ဝယ်ယူစားသုံးသူ များပြားပြီး ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Dec 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် စိတ်ဓာတ်ခွန်အားစကား (၅၀)စာအုပ် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 27,2022
မွန်ပြည်နယ်၊ သထုံမြိုနယ်၊ မရမ်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပညာရေးမှုးရုံးတို့ ပူးပေါင်းကာ ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 27,2022
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား  ယမန်နေ့ နေ့လယ်ပိုင်းက မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ 
Dec 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ၂၀၂၃ ခုနှစ်ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများများ‌ထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 27,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မှန်ကန်သော လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက်  မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်း ဆောင်ရွက်မည့် စာရင်းကောက်အဖွဲ့ဝင်များအား သင်တန်းပို့ချပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။