လှည်းကူး ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း ကောက်ယူရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက လှည်းကူးအခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လှည်းကူးခရိုင် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပို့ချမှုများကို ဂရုတစိုက်လေ့လာ မှတ်သားကြရန်အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မြေပြင်ကွင်းဆင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးညီဇော်ဌေးက မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းဇယားများ တိကျမှန်ကန်စေရေးစာတွေ့/လက်တွေ့သင်ကြားပြသပေးသွားမည် ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့လှည်းကူးမြို့နယ်အတွင်းရှိ သင်တန်းသား/သူ (၄၉၁)ဦး တက်ရောက်ပြီးခရိုင်မြေပြင်ကွင်းဆင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအဖွဲ့ဝင်များနှင့်မြို့ နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)