အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း မြို့နယ်အဆင့်စာရင်းကောက်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်ခန်းမ၌ ကျင်းပသည်။
Dec 27,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း(Book Club)နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များ သိရှိစေရန်နှင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ Grade-7 စနစ်သစ်ကျောင်းသား/သူ (၄၈ )ဦး တက်ရောက်ခဲ့သည်။
Dec 27,2022
မန္တလေး၊အောင်မြေသာစံခရိုင်အတွင်းရှိ  ၂၀၂၁-၂၁၂၂၊ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ ဆရာ/ဆရာမများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းနှင့် အခြေခံပညာကျောင်းများရှိကျောင်းသား/ ကျောင်းသူများအား စက်ဘီးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အနှိပ်တော် ရပ်ကွက်၊ ၆၆လမ်း၊ ၂၀×၂၂ လမ်းကြားရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းတင်၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးစန်းအောင်၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၁၀၀ ဦးခန့်တက်ရောက်ကြသည်။
Dec 27,2022
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မြို့နယ်အဆင့် မြေပြင်လူဦးရေစာရင်း ကောက်ယူရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
Dec 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေပိုင်း၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။
Dec 27,2022
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့်​ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ​နေ့နံနက်၁၀နာရီအချိန်က ကျင်းပခဲ့​ကြောင်း သိရသည်။