အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို   ယနေ့နံနက် (၉)နာရီက မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 27,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊  ကျောက်တံခါးမြို့နယ်၌ အသက်(၁၈)နှစ်အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ထပ်ဆောင်း(Booster)များ ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့က ကွင်းနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ထိုးနှံခဲ့ကြောင်းသိရသည်။
Dec 27,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ သင်တန်းသား၊ သင်တန်းသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
Dec 27,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အ-ထ-က (ရွှေကျင်) ကျောင်းတွင် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်း‌ပေါင်းစုံ (ထက်-လယ်-မူ) စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပြိုင်ပွဲများကို ယနေ့ နံနက် (၉) နာရီအချိန်မှစ၍ ကျင်းပသည်။
Dec 27,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။  
Dec 27,2022
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မြို့နယ် မြို့လယ်ဓမ္မာရုံသာသနာ့ဘိမ္မာန်တော်တွင် ယနေ့နံနက် ၈ နာရီအချိန်က (၃၈) ကြိမ်မြောက် စူဠဘွဲနှင်းသဘင်နှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုအောင် မောင်မယ်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Dec 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Dec 27,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့သစ်တွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီမြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက မြို့သစ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ (ရတနာခန်းမ) တွင် ကျင်းပပြုလုပ်ခဲ့သည်။