သရက် ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ မြင်းပျံတံဆိပ်ဓါတ်မြေဩဇာ အိတ်များရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့ပေါ်ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ လယ်ယာထွက်ကုန်သီးနှံများ စိုက်ပျိုးရာတွင်အသုံးပြုသည့် မြင်းပျံတံဆိပ်ဓါတ်မြေဩဇာအိတ်များထဲတွင် အခြားဓါတ်မြေဩဇာများရောနှောထည့်သွင်း၍ ဈေးကွက်အတွင်း မြင်းပျံဓာတ်မြေဩဇာဈေးနှုန်းထက်လျော့နည်း၍ အကျိုးအမြတ်ရယူကာ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(ရက်)