နမ္မတူမြို့နယ်တွင် Working Group အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းကောက်သင်တန်းဖွင့်လှစ်

နမ္မတူ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ Working Group အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းကောက်သင်တန်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉)နာရီ အချိန်က ကျင်းပသည်။

အဆိုပါ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းတွင် ရှေ့ဦးစွာ (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဝင်းမင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းပို့ချမှုကို ဂရုတစိုက်မှတ်သားကြရန်မှာကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးမောင်းမာန်က မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နည်းပြအဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းကေက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စာရင်းဇယားများ တိကျမှန်ကန်စေရေးအတွက် စာတွေ့/လက်တွေ့ သင်ကြားပြသပေးခဲ့ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် စေတနာ ဝန်ထမ်းများ စုစုပေါင်း (၇၃)ဦး တက်ရောက်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်ထံက သိရသည်။

လူမော် (ပြန်/ဆက်)