မုဒုံမြို့၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကျင်းပ

မုဒုံ ဒီဇင်ဘာ ၂၇

အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိနိုင်ရေးအတွက် မွန်ပြည်နယ် မုဒုံမြို့နယ်၌ မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှဖွင့်လှစ်သော မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးသည် လွန်စွာအရေးကြီးကြောင်း၊ ယခုသင်တန်းကို တက်ရောက်သူများအနေဖြင့် မြေပြင်တွင်လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နိုင်ရန် အဆင့်ဆင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်ခန်းစာများကို စိတ်ပါဝင်စားစွာသင်ယူပြီး နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းစဉ်ကြီး ပြီးမြောက်အောင်မြင်စေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားသည်။  ထို့နောက်  အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်းများ၊ မြို့နယ်ကြီးကြပ်ရေးကော်မတီဝင်များ၊ လဝကဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများစုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)