လောင်းလုံး ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်း လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုနည်းပြသင်တန်းဖွင့်ပွဲကို ယနေ့၊ နံနက်(၉)နာရီအချိန်က မြိုနယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး၊ ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လောင်းလုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ပြီး နောက်ဆုံးလုပ်ငန်းစဉ်အရ နိုင်ငံတော်ကို ပြည်သူလူထုထံ စနစ်တကျ လွှဲပြောင်းနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှာပါဝင်ကြောင်း/ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ ဒုတိယဝန်ကြီးချုပ် ဦးဆောင်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့က မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်အရ လာမည့်ရွေးကောက်ပွဲတွင် မှန်ကန်သည့် မဲစာရင်းရရှိရန် အဆင့်(၃)ဖြစ်သည့် မြေပြင်ကွင်းဆင်း တိုက်စစ်ဆေးပြီး ရရှိလာသည့် စာရင်းကို အခြေခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းထားသော တိုင်းဒေကြီး၊ ခရိုင်၊ မြို့နယ်ကော်မတီများရဲ့ကြီးကြပ်မှု၊ ရပ်ကွက်/ ကျေးရွာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများဖြစ်သည့့်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါကြောင်း၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲ ကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေး၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုဖွဲ့ကောက်ယူပြီးဆောင်ရွက်ရန် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ကောက်ယူရရှိသော အချက်အလက်အပေါ် အခြေခံ၍ မှန်ကန်သည့် စာရင်းရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေပြင်ရှိ လူဦးရေစာရင်းနှင့် အီလက်ထရောနစ်မှတ်ပုံတင်စနစဦးစီးဌာနမှ Data Base အတွင်း ထည့်သွင်းပြီး အိမ်ထောင်စုလူဦးရေစာရင်းကို တိုက်ဆိုင်စစ်ဆေးသွားမည့်ဖြစ်သည့်အတွက် မှန်ကန်သည့် မဲစာရင်းရရှိအောင် သင်တန်းပေးခြင်းဖြစ်ကြောင်း၊ ကောက်ယူပြီး သည့် စာရင်း၊ ဇယားများအား ပြန်လည်ပို့ဆောင်ခြင်းလုပ်ငန်းစဉ်များ ချမှတ်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လောင်းလုံးမြို့ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်လဝကမှူး ဦးဉာဏ်ဝင်းက လူဦးရေးစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုနည်းပြသင်တန်းအား(power point)ဖြင့် ရှင်းလင်းဆွေးနွေး ပို့ချပေးခဲ့သည်။
သိန်းသိန်း(လောင်းလုံး)