အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက် ဘောလုံးကွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ခွဲအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
Dec 27,2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီက လွိုင်လင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
Dec 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ ဦးဆောင်၍ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) ခန်းမ၌ ကျင်းပခဲ့သည်။
Dec 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလံတပိုကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦး၌ ကျင်းပပြုလုပ်သည်။
Dec 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကြီးမှုးကျင်းပသော လူဦးရေစာရင်း မှန်ကန်ရေး  မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်သင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Dec 27,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ခမ်းပါးကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို စဉ့်ကူးမြို့နယ်၊ ခမ်းပါးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။