နတ်​မောက်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း စာရင်းကောက် သင်တန်းဖွင့်လှစ်

နတ်မောက်  ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း စာရင်းကောက်သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာများတွင် သက်ဆိုင်ရာဌာနဆိုင် ရာများအား နယ်မြေ အလိုက် ခွဲခြား၍ ကြီးကြပ်မှုကော်မတီများ ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း သင်တန်းသား/ သူများအနေနှင့် သင်ကြားပို့ချမှုများအပေါ် အလေးထားသင်ယူကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက် ၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးမျိုးတင့်က အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း စာရင်းကောက်ယူရေးလုပ်ငန်းနှင့်သက်ဆိုင်သည့် အကြောင်းအရာ များအား ဆွေးနွေးပြောကြားခဲ့သည်။

နတ်မောက်မြို၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း စာရင်းကောက် သင်တန်းသို့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိဝန်ထမ်းများ တက်ရောက်ခဲ့ ကြပြီး သင်တန်းကာလမှာ  ဒီဇင်ဘာ (၂၇)ရက်မှ (၂၈)ရက်နေ့အထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။

လှဝင်း