အမြို့မြို့အနယ်နယ်သတင်းများ

Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနများ ပြင်ဆင်ထားရှိမှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိ အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Mar 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက် ဖရဲသီးစိုက်ပျိုးရောင်းချသူများနှင့် တစ်ဆင့်ခံရောင်းချသူများ ဖေဖော်ဝါရီလနှင့် မတ်လအတွင်းရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 07,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကော့ပီထော်ကျေးရွာ ကျေးရွာ​မြစိမ်းရောင်ရုံး၌ ယမန်နေ့ နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ (စတုတ္တအကြိမ်မြောက်) ချေးငွေထုတ်ချေးပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
Mar 07,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ငွေကြေးခဝါချမှု တိုက်မှုတိုက်ဖျက်ရေး အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို မတ် ၃ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
Mar 07,2023
ကျရောက်လတ္တံသော ဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ကြစေရန် ယုံကြည်သဒ္ဒါပွားကြပြီး နတ်မောက်မြို့နယ်အတွင်း ကျေးရွာအသီးသီးတွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့အဝင် လမ်းဆုံတွင် မီးဘေးအန္တရာယ် ကာကွယ်ရေး (သင့်ကြောင့်မီးမလောင်ပါစေနှင့်) မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြသည်။