မြစ်ကြီးနားမြို့၌ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ

မြစ်ကြီးနား မတ် ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ငွေကြေးခဝါချမှု တိုက်မှုတိုက်ဖျက်ရေး အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို မတ် ၃ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန် သတ္တုရောင်းဝယ် သူများဆိုင်ရာ ကြီးကြပ်ရေး အာဏာပိုင်အဖြစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က တာဝန် ပေးအပ်ခဲ့သဖြင့် ဝန်ထမ်းများ အနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာစေရေးနှင့် အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးနိုင်ရေး ကိစ္စရပ်များကို ကြပ်မတ်ဆောင်ရွက်သွားရေး၊ ဆွေးနွေးပို့ချမှုများအပေါ် သေချာစွာလေ့လာမှတ်သားပြီး မရှင်းလင်း သည်များရှိပါက ပြန်လည်မေးမြန်းကြရန်နှင့်  မြေပြင်မှာ အောင်မြင်အောင် ဆောင်ရွက်ကြရေး တိုက်တွန်း မှာကြားသည်။

ထို့နောက် သင်တန်းတွင် ဦးဆောင်ဆွေးနွေးသွားမည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသူရိန်အောင်က သတင်းပို့အဖွဲ့အစည်းများအတွက် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ ပြဌာန်းချက်များ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်က AML/CFT ဆိုင်ရာကိစ္စရပ်များနှင့် အသိအမှတ်ပြု မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးပို့ချခဲ့ကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သိလိုသည်များနှင့် မရှင်းလင်းသည်များကို အပြန်အလှန် မေးမြန်းဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်