တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် နယ်ကျောင်းသားများ တည်းခိုနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြား

သာပေါင်း မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် နယ်ကျောင်းသား များ တည်းခိုနေရာများသို့ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြ သည်။
ထိုသို့ အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် မြို့ဦး ကျောင်းတွင် တည်းခိုရာ မကျည်းဇင်ကျေးရွာ၊ ပုသိမ်မြို့တို့မှ ကျောင်းသား (၅)ဦး၊ ကျောင်းသူ(၆)ဦး၊ ပေါင်း(၁၁)ဦး၊ အမှတ်(၂)ရပ်ကွက်၊ မိုးကုတ်ပတ္တမြားရိပ်သာတွင် တည်းခိုပြီး အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) စာစစ်ဌာနတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၂)ဦး ပေါင်း(၇)ဦးတို့အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များမှ တည်းခိုနေရာများသို့ သွားရောက် တွေ့ဆုံ အားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်