မုဒုံ မတ် ၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကော့ပီထော်ကျေးရွာ ကျေးရွာမြစိမ်းရောင်ရုံး၌ ယမန်နေ့ နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ (စတုတ္တအကြိမ်မြောက်) ချေးငွေထုတ်ချေးပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
၎င်းစီမံကိန်းချေးငွေဖြင့် ကော့ပီထော်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၅၀)ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၅)ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ(၁၉)ဦး စုစုပေါင်း (၇၄)ဦးတို့အား ရန်ပုံငွေကျပ်(၃၅၈)သိန်းအားထုတ်ချေးပေးခဲ့သည်။
မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် စီမံကိန်းချေးငွေများဖြင့် ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ အသက်မွေးဝမ်း ကျောင်း လုပ်ငန်းလုပ်ငန်းကိုင်သူများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
မုဒုံသူ (ပြန်/ ဆက်)