တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး စာစစ်ဌာနပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

သာပေါင်း မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနများ ပြင်ဆင်ထားရှိမှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိ အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လင်းထက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေခန်း ပြင်ဆင်ထားရှိမှု အခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စာဖြေခန်းများတွင် မီးကြိုးများ တပ်ဆင်ထားရှိမှု အခြေအနေ၊ မီးသတ်ဆေးဘူးများ၊ အရေးပေါ်ရေကန်များ ရေဖြည့်ထားရှိမှု၊ အမှိုက်သရိုက်များ ရှင်းလင်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် အခြေခံပညာ အထက်တန်းကျောင်း ()ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ()ကျောင်း၊ ပေါင်း(၁၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၇၁)ဦး၊ ပုသိမ်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (မကျီးဇင်)မှ (၁၁)ဦး အတွင်းဖြေ စုစုပေါင်း(၂၈၂)ဦး၊ ကိုယ်ပိုင်ကျောင်းမှ (၄၈)ဦး အပါအဝင် ပြင်ပဖြေဆိုသူ စုစုပေါင်း(၄၀၇)ဦး၊ မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၈၉)ဦးတို့က စာစစ်ဌာန ()ခုတွင် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရှိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်