Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချ
Mar 07,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ခရိုင်/မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစားသင်တန်းများကို ယမန်နေ့ညနေပိုင်းမှစ၍ မြို့မအားကစားကွင်းအတွင်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အိမ်တွင်းလက်မှုပညာသင်တန်းဖွင့်လှစ်
Mar 07,2023
မိသားစုတစ်ပိုင်တစ်နိုင်အိမ်တွင်းမှုလုပ်ငန်းများမှ တစ်ဆင့်အပိုဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ ကိုယ်တိုင်ပြုလုပ်၍အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျသက်သာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက အိမ်တွင်းလက်မှုပညာများဖြစ်သည့် နှင်းဆီပန်းပွင့် ခေါင်းစည်းကြိုး၊ ဖဲပြားနှင့် ဆံထိုးပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့၌ လူမှုသဟဇာတနှင့်လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲပြုလုပ်
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ပေါ်ဦးပေါ်ဖျား မရမ်းသီးများ အဝယ်လိုက်နေ၍ ဈေးကောင်းရရှိ
Mar 07,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်း တောင်တန်းထူထပ်ပေါများသော ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှ ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် မရမ်းသီးများသည် ယခုအချိန်တွင် အသီးများစတင်ထွက်ရှိပြီး ဒေသခံပြည်သူများက လိုက်လံဆွတ်ခူးရောင်းချရာတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၄၁၃)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 07,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား ကျောင်းသူ (၄၁၃)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲအား မတ်လ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီဌာနမှနွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်း အားကစားနည်း (၈)မျိုးအား (၆-၃-၂၀၂၃) ရက်နေ့မှစတင်၍ မြို့နယ်အားကစားခန်းမနှင့် မြို့နယ်အားကစားကွင်း တို့တွင် အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့၌ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ အသစ်တိုးမြှင့် လဲလှယ်ခြင်းဆောင်ရွက်
Mar 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝ သုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများ အသစ်တိုးမြှင့်လဲလှယ်ခြင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် Fitness Dance နည်းပြသင်တန်း ဆက်လက်သင်တန်းပို့ချပေး
Mar 07,2023
စစ်ကိုင်းမြို့တွင် Fitness Dance နည်းပြသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကို နည်းပြဆရာများက ပိုးတန်း ရပ်ကွက်ရှိ အားကစားခန်းမအတွင်း ဆက်လက်သင်ကြားပို့ချပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13100
Page
13101
Page
13102
Page
13103
Current page
13104
Page
13105
Page
13106
Page
13107
Page
13108
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department