အမြို့မြို့အနယ်နယ်သတင်းများ

Mar 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ (၃၇၄)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
Mar 07,2023
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 07,2023
ကယားပြည်နယ်၊ လွိုင်ကော်မြို့ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကယားပြည်နယ်ကြီးကြပ်ရေး အဖွဲ့အစည်းအဝေးကို ပြုလုပ်ကျင်းပဆောင်ရွက်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်တို့ တက်ရောက်ကြသည်။
Mar 07,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များစာပေဗဟုသုတ လေ့လာဖတ်ရှုစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော အသိပညာဗဟုသုတတိုးပွားစေရေး၊ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ရေးသူ/ဖတ်သူဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂိမ်းပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းစွာနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်ရေးအတွက် ယနေ့နံနက် (၁၁) နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၂-၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အထက-ကလိန်‌အောင်စာစစ်ဌာနတွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၃၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။