Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချောက်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေး စာစစ်ဌာနပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္…
Mar 07,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနများပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးထားရှိမှုအခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနများအား လှ…
Mar 07,2023
မန္တလေးဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများအား ယမန်နေ့ညနေ ၃ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့တွင် နိုင်ငံတော်မှချီးမြှင့်သော မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ လင်းခေးမြို့နယ်၊ နားကုန်းပရိယတ္တိ စာသင်တိုက်…
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့တွင် နိုင်ငံတော်မှချီးမြှင့်သောမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ လင်းခေးမြို့နယ်၊ နားကုန်းပရိယတ္တိ စာသင်တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစာရိန္ဒအား ကြိုဆိုဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက လင်းခေးမြို့အဝင် ကြိုဆိုရေးမုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေး
Mar 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများအား ဇီဝဆိုင်ရာအချက် အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘောလခဲခရိုင်အတွင်းရှိ ဝန်ထမ်းများအား ထောက်ပံငွေများပေးအပ်
Mar 07,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဘောလခဲခရိုင်အတွင်းရှိ ဝန်ထမ်းများအား ဆန်၊ ဆီ စားသောက်ကုန်များဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း(၀၂း၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ သတင်းသုံးတော်မူသော နိုင်ငံတော် ဘွဲ့တံဆိပ် ဆပ်ကပ်ချီးမြှင့်ခံရသည့် သံဃာတော် အရှင်သူမြတ်နှစ်ပါးအား ကြိုဆိုဂုဏ်ပြုခြင်း ဆောင်ရွက…
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ ရွှေရေးဆောင်ကျောင်းတိုက်မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဆရာတော် သံဝရာဘိဝံသသည် နိုင်ငံတော်မှ ထပ်မံဆက်ကပ်ချီးမြှင့်သော အဂ္ဂမဟာသဒ္ဒမ္ဓ ဇောတိကဓဇဘွဲ့အား ယူဆောင်၍ နေပြည်တော်မှလည်းကောင်း၊ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်၊ သာသနာ့အလင်းရောင် ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ ဩဘာသသည် နိုင်ငံတော်မှချီးမြှင့်သော ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အား ယူဆောင်၍ ပုသိမ်မြို့မှလည်းကောင်း အသီးသီး ပြန်လည်ကြွချီလာရာ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ မြို့နယ်သာသနာရေးမှူး၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများသည် ယမန်နေ့ညနေ (၁၆:၀၀)နာရီအချိန်က ရေကြည်မြို့၊ ပိတောက်ချောင်လမ်းဆုံမှစ၍ ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်
Mar 07,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းခြင်းကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ဒိုက်ဦးမြို့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးများသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Mar 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊မိုင်းတုံမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းကို ယနေ့ နံနက်ပိုင်းက မိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်နှင့်အဖွဲ့၊ ခရိုင်ရဲမှူး ဝင်းမြင့်ထွန်းနှင့်အဖွဲ့ ခရိုင်လဝကနှင့်အဖွဲ့၊ ခရိုင်ပညာရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့နှင့် မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13089
Page
13090
Page
13091
Page
13092
Current page
13093
Page
13094
Page
13095
Page
13096
Page
13097
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department